Main menu

ကံမမြို့ပေါ်ရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောပွဲဆောင်ရွက်ခြင်း

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ကံမမြို့နယ်အတွင်း ဈေးကွက်များတွင် ရောင်းချဖြန့်ဖြူးလျက်ရှိသော ကုန်စည်များဘေးကင်းလုံခြုံစိတ်ချရမှု ရှိစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ (၁၃.၃.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့်ကံမမြို့နယ်တာဝန်ခံသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့်ပြန်ကြားရေးနှင့်ပြည့်သူ ဆက်ဆံရေးဦးစီးဌာနပါဝင်သော ဌာနဆိုင်ရာအဖွဲ့စုံဖြင့်ပူးပေါင်း၍ ကံမမြို့ပေါ်ရှိအမှတ်(၂)၊(၃)၊(၄)ရပ်ကွက် များ၌ ရောင်းချနေသော ကုန်စုံဆိုင်များတွင် သုံးစွဲရန်မသင့် ထုတ်ပြန်ထားသည့် အလှကုန်ပစ္စည်းများ  ရောင်းချမှုရှိ/ မရှိနှင့် ဌာန၏ ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ပြည့်စုံမှုူ ရှိ/ မရှိတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင် ကုန်စုံဆိုင်ပိုင်ရှင်များအား သုံးစွဲရန်မသင့်ဟု ထုတ်ပြန်ထားသည့် အလှကုန်ပစ္စည်းများအား ဈေးကွက်အတွင်းရောင်းချမှုမရှိစေရေး၊ ကံမမြို့နယ် တာဝန်ခံဒေါ်နွဲ့ယဉ်ဝင်းမှ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသား‌ ဖော်ပြခြင်းနှင့် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြထားသော ကုန်စည်ကိုသာ ရောင်းချဖြန့်ဖြူးရန် အသိပညာပေးဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် ကျောင်းသား/ကျောင်းသူများနှင့် ဝန်ထမ်းများ စုစုပေါင်း (၂၀)ဦး တို့အား အသိပညာပေးဟောပြော ပွဲပြုလုပ်ရာတွင် ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်းက စားသုံးသူအခွင့်အရေးများနှင့် Happy Water အကြောင်း သိကောင်းစရာများကိုဆွေးနွေးပြောကြားခြင်း၊ ဒု-ကြီးကြပ်ရေးမှူး ဦးကျော်ရွှေမှ စားသုံးသူပြည်သူများ ကုန်ပစ္စည်းဝယ်ယူအသုံးပြုရာတွင် အဓိကပါဝင်ရမည့် အချက်(၇)ချက်ကို အသေးစိတ်ရှင်း လင်းပြောကြားခြင်း၊ ကုန်ပစ္စည်းများဝယ်ယူသုံးစွဲရာတွင် ထုတ်လုပ်ရက်စွဲနှင့်သက်တမ်းလွန်ရက်စွဲများ  ကိုသေချာစွာ ကြည့်ရှုဝယ်ယူစားသုံးကြပါရန် ဟောပြောဆွေးနွေးခြင်းများဆောင်ရွက်ပြီး မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်မှထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) လက်ကမ်း စာစောင်များဖြန့်ဝေပေးခဲ့ပါသည်။

DOCA(မကွေး)