![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/Picture1_2.jpg?itok=WEUtib97)
စားသုံးသူရေးရာဦးစီးဌာန၊ ကသာ(ကောလင်း)ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကြည်နိုင်ဦး (ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်ဖြင့် Towards Ultimate Company မှ တရားဝင်တင်သွင်းလျက်ရှိသော Pabrinex injection ဆေး အမည်အား အတုအပပြုလုပ်၍ ဆင်တူယိုးမှားအမည်ဖြင့် တရားမဝင်၊ ထောက်ခံချက် မပါရှိသော Parbisure အမည်ဖြင့် ဆေးဝါးများကို ဈေးကွက်အတွင်း ရောင်းချမှုများရှိနေသည့်အတွက် ၂၀၂၃ ခုနှစ်၊ မတ်လ(၁၀) ရက်နေ့တွင် ကသာမြို့ရှိ ဆေးဆိုင်များ၌ အဆိုပါ Parbisure အမှတ်တံဆိပ်ဆေးဝါးများကို ရောင်းချမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် ကသာမြို့ပေါ်ရှိ ဆေးအရောင်းဆိုင်များတွင် မှတ်ပုံတင်ထားခြင်းမရှိ၊ တရားဝင်ခြင်းမရှိသော Parbisure အမည်နှင့်ဆေးဝါးများ ရောင်းချမှု မရှိသည်ကို တွေ့ရှိရ၍ ဆေးအရောင်းဆိုင်များအနေဖြင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ အသိအမှတ်ပြု ထောက်ခံချက် မပါရှိသည့် ဆေးဝါးများ၊ သက်တမ်းလွန်ဆေးများနှင့် စံမညီဆေးများအား ရောင်းချခြင်း မပြုကြရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ကသာ (DOCA)