Main menu

ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမတွင် “ ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့” အထိမ်းအမှတ်အခမ်းအနားကျင်းပပြုလုပ်

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူးရုံးတွင် ၂၀၂၃ ခုနှစ် မတ်လ(၁၅) ရက်နေ့ နံနက် (၁၀:၀၀) နာရီ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနား ကျင်းပ ပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ စားသုံးသူရေးရာကော်မတီဒုဥက္ကဋ္ဌ သယံဇာတဝန်ကြီး ဦးအုန်းမြင့် နှင့် စားသုံးသူရေးကော်မတီအဖွဲ့ဝင်များ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့်  တိုင်းအဆင့်ဌာနဆိုင်ရာ များ၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူးဦးစိုးအောင် ၊ဒုတိယတိုင်းဦးစီးမှူး ဦးထွန်းထွန်း၊ ဒုတိယတိုင်းဦးစီးမှူးဦးစိုးဦးနှင့် အရာထမ်း/အမှုထမ်းများ၊ ၊ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဝင်းမြင့်လှိုင်နှင့် အသင်းအဖွဲ့များစီးပွားရေးလုပ်ငန်းရှင် များ စုစု‌ပေါင်း (၁၀၂) ဦး တက်ရောက်ခဲ့ပါသည်။

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီ ဒုဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတဝန်ကြီး ဦးအုန်းမြင့်က ယနေ့ကျရောက်သော ကမ္ဘာစားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားဖြစ်‌ပေါ်လာပုံကို ရှင်းလင်းပြောကြား၍ စားသုံးသူရေးရာကော်မတီအတွင်းရေးမှူး တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးအောင်မှ ဌာနလုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းဆွေးနွေးပြီး စားသုံးသူရေးရာဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ဦးထွန်းထွန်းမှ စားသုံးသူအခွင့်အရေး (၈)ချက် နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှု တစ်စုံတစ်ရာရှိပါက www.doca.gov.mm website မှတစ်ဆင့်တိုင်ကြားနိုင်ကြောင်း၊ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့် ဖြစ်စေ တိုင်ကြားနိုင်ကြောင်း၊  မြန်မာပြည်တဝှမ်း စားသုံးသူရေးရာ တိုင်ကြားမှုများထဲမှ သိမှတ်ဖွယ်ရာ အချို့အား ဦးစီးဌာနမှ ဖြေရှင်းဆောင်ရွက်မှုများကို power point ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ ပါသည်၊၊ထို့နောက် အခမ်းအနားတက်ရောက်လာသူများ အား စားသုံးသူအခွင့်အရေးများ အကြောင်းနှင့်ပတ်သက်၍ ဗဟုသုတဖြစ်ဖွယ်‌မေးခွန်းများကို မေးမြန်းခဲ့ပြီး အမှတ်တရဆုလက်ဆောင် များပေး၍ အခမ်းအနားကို နေ့လည် (၁၂:၀၀) အချိန်တွင် အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်၊၊

DOCA(ဧရာဝတီ)