Main menu

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် မြို့ပေါ်ရှိဆေးဆိုင်များတွင် Parbisure Injection ဆေးဝါးများရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစိစစ်

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုးသည် ပြည်သူ့ကျန်းမာ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍  (၁၀.၃.၂၀၂၃)ရက်နေ့  နေ့လည်(၁၃:၀၀)နာရီက ဝါးခယ်မမြို့နယ် မြို့ပေါ်ရှိ ဆေးဆိုင်များတွင် တရားမဝင်တင်သွင်းရောင်းချနေသော Parbisure   Injection ဆေးများရောင်းချခြင်းရှိ/မရှိ ကွင်း ဆင်း စစ်ဆေးခဲ့ပါသည်။

          ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံမှ အိမ်သုံးဆေးအရောင်းဆိုင်များမှဆိုင် ရှင်များအား တရားမဝင်တင်သွင်းလာသော  Parbisure   Injection ဆေးများ ရောင်းချခြင်းမပြု ကြရန် သက်တမ်းလွန်ဆေးဝါးများနှင့် လိုင်စင်မဲ့ဆေးဝါးများ ဈေးကွက်အတွင်းစစ်ဆေး‌တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်များ ဥပဒေများလိုက်နာဆောင်ရွက်ကြရန် အသိပေးစစ်ဆေး ခဲ့ကြောင်း သိရှိရပါသည်။

DOCA(AYA)