Main menu

ကမ္ဘာ့စားသုံးသူအခွင့်အရေးများအနေ့အကြောင်းအသိပညာပေးဟောပြောဆွေးနွေးခြင်း (World Comsumer Rights Day)

Powered by Drupal

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကော့သောင်းခရိုင်ဦး စီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်မြသီတာ (ဦးစီးအရာရှိ)သည် မတ်လ (၁၅)ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ (World Comsumer Rights Day)အကြောင်းသိကောင်းစရာများကို ၂၀၂၃ ခုနှစ်၊ မတ်လ (၁၄) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကော့သောင်းမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ သင်တန်းသူများအား စားသုံးသူ အခွင့်အရေးဖြစ်ပေါ်လာပုံ နောက်ခံသမိုင်းအကြောင်း၊ ၂၀၁၉ ခုနှစ် မတ်လ (၁၅)ရက်နေ့တွင် ထုတ်ပြန်ထားသည့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း ၊ စားသုံးသူများကုန်စည်နှင့် ဝန်ဆောင်မှုများအပေါ် နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများစသည်တို့ကို အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့သည်ဟု သိရှိရပါသည်။

DOCA(တနင်္သာရီ)