Main menu

ရသေ့တောင်မြို့ပေါ်ရှိ မုန့်တီဖတ်(မုန့်ဖတ်) လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

   ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ရသေ့တောင်မြို့နယ်တာဝန်ခံ ဦးသန်းဝင်း(ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် (၁၃-၃-၂၀၂၃) ရက်နေ့၊ နံနက်(၈:၀၀) နာရီအချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပါဝင်သောအဖွဲ့ဖြင့် ရသေ့တောင်မြို့ ဂူတာပြင်အရှေ့တောင်ရပ်ကွက်ရှိ ဒေါ်လှညွှန့်ခင် မုန့်တီဖတ်(မုန့်ဖတ်) ထုတ်လုပ်သည့်လုပ်ငန်းနေရာသို့ သွားရောက်စစ်ဆေးခဲ့ပါသည်။

   ထိုသို့ စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန ရသေ့တောင်မြို့နယ်တာဝန်ခံမှ ကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ၊အခန်း(၁၅)၊ ပုဒ်မ (၂၈)အရ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုလုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူဘေးဥပါဒ်အန္တရာယ်မဖြစ်ပေါ်စေရေးအတွက် မုန့်တီဖတ်လုပ်ငန်း ဆောင်ရွက်ရာတွင် သန့်ရှင်းသပ်ရပ်မှုရှိ/မရှိကို စစ်ဆေးပြီးနောက် မုန့်တီဖတ်(မုန့်တီ)များမှာ အသင့်စား အစားအစာဖြစ်၍ သန့်ရှင်းမှုရှိစေရေး၊ မုန့်ဖတ်ထုတ်လုပ်မှုအဆင့်ဆင့်တွင်လည်း သန့်ရှင်းစွာ ထုတ်လုပ်စေရေးနှင့် မုန့်တီဖတ်(မုန့်ဖတ်) ထုတ်လုပ်ရာတွင် တာရှည်ခံဆေး(Formalin) လုံးဝ သုံးစွဲမှုမပြုလုပ်စေရေးတို့ကို ကွင်းဆင်း၍ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)