Main menu

ကချင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

         ကချင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးမှူးအဖွဲ့သည် ၂၁.၈.၂၀၂၀ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များ၌ ပြည်တွင်းပြည်ပမှ ထုတ်လုပ်တင်သွင်းဖြန့်ဖြူးရောင်းချနေသော အလှကုန်များတွင် ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့်ဖြစ်စေ ၊ မြန်မာဘာသာနှင့် အခြား ဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြခြင်းနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရပါသည်။

    ထို့နောက် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေး အထောက်အကူပစ္စည်းများ၊ ဆေးဝါးများနှင့် စားသောက်ကုန်ပစ္စည်းများကို အရေးကြီးကုန်စည်(၃)မျိုးအဖြစ် သတ်မှတ်သည့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာ စာအမှတ်၊ ၂၁/၂၀၂၀ အရ ကချင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးမှူးများသည် ၂၄.၈.၂၀၂၀ ရက်နေ့နှင့် ၂၅.၈.၂၀၂၀ ရက်နေ့တွင် မြစ်ကြီးနားမြို့နယ်၊ ဝိုင်းမော်မြို့နယ်၊ မိုးညှင်းမြို့နယ်နှင့် ဗန်းမော်မြို့နယ်တို့ရှိ အရောင်းဆိုင်များ၊ ဆေးနှင့် ဆေးပစ္စည်းဆိုင်များ၌ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်းနှင့် ဈေးကစား ရန် သိုလှောင်ခြင်း ရှိ/မရှိကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ကချင်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန