Main menu

ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြိုတင်ကာကွယ်တားဆီးရေးအတွက် အရေးပေါ်အခြေအနေတွင် ပြည်သူများ၏ အခြေခံလိုအပ်ချက်များဖြစ်သော စားသောက်ကုန်နှင့် ကုန်စည်များပြတ်လပ်မှုမရှိစေရေးနှင့် ကုန်ဈေးနှုန်း တည်ငြိမ်စေရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

Powered by Drupal

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြိုတင်ကာကွယ်တားဆီးရေးအတွက် အရေးပေါ်အခြေအနေ တွင် ပြည်သူများ၏ အခြေခံလိုအပ်ချက်များဖြစ်သောစားသောက်ကုန်နှင့် ကုန်စည်များပြတ် လပ်မှုမရှိစေရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်စေရေး ညှိနှိုင်းအစည်းအဝေးကို ၂၆.၃.၂၀၂၀ ရက်နေ့ မွန်းလွဲ (၁၃:၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်း၊ တိုင်းဒေသကြီးဦးစီးမှူး၊ ဒု-တိုင်းဦးစီးမှူး နှင့် အရာထမ်းများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ပုသိမ်မြို့ပေါ်ရှိ စီးပွားရေး လုပ်ငန်းရှင်များနှင့် Super Market (Ocean) မှ တာဝန်ရှိသူများ စုစုပေါင်း (၃၈) ဦး တက် ရောက်ခဲ့ကြပါသည်။

       အဆိုပါအစည်းအဝေးတွင် အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ရေထွက်ပစ္စည်း နှင့်မွေးမြူရေးအသင်းအဖွဲ့များ၊ မီးဖိုချောင်သုံးကုန်ပစ္စည်းအရောင်းဆိုင်ရှင်များ၊ ဆေးပစ္စည်း အရောင်းဆိုင်ရှင်များ မှ ကဏ္ဍအလိုက် မိမိတို့၏ ထုတ်လုပ်သောပစ္စည်းများအား ခက်ခဲမှု နှင့် ပြတ်လပ်မှုမရှိစေရေး တာဝန်ယူဆွေးနွေးခဲ့ကြပြီး ဆေးဝါးပစ္စည်းများပြတ်လပ်မှုမရှိစေရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာ တိုင်းအစိုးရအဖွဲ့နှင့်သော်လည်ကောင်း ARCCI, UMFCCI နှင့် သော်လည်ကောင်း ဆက်လက်ဆွေးနွေးသွားရန်နှင့်လိုအပ်ပါက လိုအပ်ချက် ရှိသောနေရာများ အား ထောက်ပံ့နိုင်ရေးကို အမျိုးသားရေးကိစ္စရပ်အဖြစ် ဆက်လက်ဆောင်ရွက်သွားရန် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့များဖွဲ့စည်း၍ စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဆန်ကုန်သည်၊ ဆန်စက်ပိုင်ရှင် အသင်းမှ မြို့နယ် အလိုက်/ဈေးအလိုက် လိုအပ်ပါက အရောင်းဆိုင်များ ဖွင့်လှစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များမှလည်း လက်ရှိ ကုန်ဈေးနှုန်းများ နှင့် ပတ်သတ်၍ ဈေးကွက်အတွင်း ဖြစ်ပေါ်နေသော အခြေအနေများအား တင်ပြဆွေးနွေး ခဲ့ကြပြီး ဝန်ကြီးမှ လုပ်သားပြည်သူများအနေဖြင့် လိုအပ်သည်ထက်ပို၍ စိုးရိမ်ကြောင့်ကြ မှုမရှိစေပဲ ပုံမှန်ဝယ်ယူဆောင်ရွက်ရန်လည်း လိုအပ်ကြောင်းကို တက်‌ရောက်လာသူ Media များအနေဖြင့် ပြည်သူသိစေရန် ယနေ့အစည်းအဝေးမှ ဆောင်ရွက်ချက်များကိုထုတ်ပြန်ပေးရန် မှာကြားလိုကြောင်း ပြောကြားခဲ့ပြီး အခမ်းအနားကို ညနေ (၃:၀၀) အချိန်တွင် ရုတ်သိမ်း ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန