Main menu

ရွှေတောင်ရပ်ကွက်အတွင်းရှိ အချိုရည်အမျိုးမျိုးရောင်းချနေသော လက္ကားကုန်စုံဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

               စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သစ္စာဖူး(ဦးစီးအရာရှိ) ဦးဆောင်၍ ၂၀၂၆ ခုနှစ်၊ မေလ( ၂၅ ) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ ရွှေတောင်ရပ်ကွက်အတွင်းရှိ အချိုရည်အမျိုးမျိုးရောင်းချနေသော လက္ကားကုန်စုံဆိုင်များသို့ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ( /၂၀၁၉ )ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက် များနှင့် ကိုက်ညီမှု ရှိ/မရှိ သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးဆောင်ရွက်ခဲ့ရာ ကုန်စုံဆိုင်များ၌ရောင်းချနေသော အချိုရည်များမှာ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ( /၂၀၁၉ )ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားသတ်မှတ် ချက်များနှင့် ကိုက်ညီမှုရှိသည့် အချိုရည်များကိုသာ တင်သွင်းရောင်းချကြရန်၊ စီးပွားရေးလုပ်ကိုင်ရာ တွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းများနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ကြရန်နှင့် တရားမဝင် ကုန်စည်များ ရောင်းချခြင်း၏ဆိုးကျိုးများအား အသိပညာပေး ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင် ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)