Main menu

ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းလေ့လာဆောင်ရွက်ခြင်း

Powered by Drupal

         ကရင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးသိန်းဇော်၊ ဦးစီးမှူး ဦးမျိုးဝင်းနိုင်တို့သည် ၂၀၂၀ပြည့်နှစ် မတ်လ (၁၅)ရက်နေ့၌ မြဝတီမြို့ရှိ ဝဉလုပ်ငန်းရှင်နှင့် တွေ့ဆုံခဲ့ပါသည်။

      တွေ့ဆုံရာတွင် ခရိုင်ဦးစီးမှူး ဦးသိန်းဇော်က မြဝတီခရိုင်တစ်ခုလုံး အသင်းအဖွဲ့ ဖွဲ့စည်းနိုင်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ခရိုင်၊ မြို့နယ်များအနေဖြင့် အသင်းအဖွဲ့ ဖွဲ့စည်းနိုင်ရေးကို  ဦးစားပေး ကြိုးစားရမည်ဖြစ်ကြောင်း၊ လုပ်ငန်း၏ အားသာချက် ၊ အားနည်းချက်များကိုလည်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

ကရင်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန