Main menu

မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းနှင့် ကလေးခရိုင် နေကြာစိုက်ပျိုးတောင်သူများ စားသုံးဆီ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများ တွေ့ဆုံပွဲအခမ်းအနားပြုလုပ်ခြင်း

Powered by Drupal

          ကလေးခရိုင်ရှိ မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းနှင့် နေကြာစိုက်ပျိုးတောင်သူများ၊ စားသုံးဆီထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများ တွေ့ဆုံပွဲအခမ်းအနားကို ( ၁၅.၃.၂၀၂၀ ) ရက်နေ့  ခရိုင်စိုက်ပျိုးရေးရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

       အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးရဲမင်းလှက စိုက်ပျိုးနည်းစနစ် ပိုင်းဆိုင်ရာ များနှင့်ပတ်သက်၍ လည်းကောင်း မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးခြင်းနှင့် ပတ်သက်၍လည်ကောင်း၊ GAPလျှောက်ထားခြင်းနှင့် ပတ်သက်၍လည်းကောင်း၊ အော်ဂဲနစ် စိုက်ပျိုးရေး အသွင်ပြောင်းနိုင်ရေးနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံ ဆီစက်လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဌ ဦးထွန်းထွန်းဦးက မြန်မာနိုင်ငံ၏ ဆီလိုအပ်ချက်အရ စားသုံးဆီတင်သွင်းမှုအခြေအနေများ၊ မြန်မာနိုင်ငံတွင် ဆီထွက် သီးနှံစိုက်ပျိုးထွက်ရှိမှုအခြေအနေများ၊ ဆီထုတ်လုပ်မှုကုန်ကျစရိတ်များနှင့်ပတ်သက်၍လည်းကောင်း၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူး(ငြိမ်း) ဦးသန်းထွန်းက မြန်မာနိုင်ငံ၏ ဆီထုတ်လုပ်မှုအခြေအနေ၊ နေကြာစိုက်ပျိုးဖြစ်ထွန်းရန် အခြေအနေ၊ မိုးကောင်းမျိုးသန့်စိုက်ပျိုးမှုများနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။  

            ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးစိုးအောင်က စားသုံးသူ ကာကွယ်ရေးဥပဒေပါ စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ၊ လုပ်ငန်းရှင်များ၏ တာဝန်များ နှင့် အာမခံပေးရမည့်ကိစ္စရပ်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ လိုက်နာ ဆောင်ရွက်ရမည့်အချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များကိုလည်းကောင်း၊ စားသုံးသူရေးရာ ဦးစီးဌာနသို့ ဆက်သွယ်ဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ ကြောင်း သတင်းရရှိပါသည်။

 

စားသုံးသူရေးရာဦးစီးဌာန

စစ်ကိုင်းတိုင်းဒေသကြီး