Main menu

ပုသိမ်ခရိုင်အတွင်းရှိ ကျောင်းများတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး

Powered by Drupal

     ဧရာဝတီတိုင်းဒသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်မှ မြို့နယ်တာဝန်ခံ ဒေါ်ခင်မေဝင်းသည် (၁၆.၁.၂၀၂၃) ရက်နေ့တွင် ကျုံပျော်မြို့နယ်၊ အ.ထ.က ရေစခန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမ(၉)ဦး၊ ကျောင်းသား၊ ကျောင်းသူ(၄၀၀)ဦးတို့အား စားသုံးသူအသိပညာပေးဟောပြောခဲ့ ပါသည်။

    ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ ဥပဒေများ၊ စားသုံးသူအခွင့်အရေးများ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်နှင့်ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့ကို အဓိကထားဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)