Main menu

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးဆောက်လုပ်ခြင်း

Powered by Drupal

           လုပ်ငန်းအမည်                  -      ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး

                                                          (၅၀'×၃၅'×၂၄') RC (၂)ထပ်

                                                          (အတွင်း ရေ၊ မီး၊ မိလ္လာ)(Apron & Drain အပါ)

            လုပ်ငန်းတည်နေရာ            -      မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်

                                                          ဂန့်ဂေါမြို့၊ မြောက်ကုန်းရပ်

            ရင်းနှီးမြုပ်နှံမှု                     -      (၉၅.၀၀၀) သန်း(ကျပ်-သန်း)

            တင်ဒါအောင်ဈေးနှုန်း          -      (၉၂.၄၀၀) သန်း(ကျပ်-သန်း)

            ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ငွေလုံးငွေရင်း (မူလ) ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခွင့်ရရှိခဲ့သည့် စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (၅၀'×၃၅'×၂၄') RC (၂)ထပ် (အတွင်းရေ၊ မီး၊ မိလ္လာ) (Apron & Drain အပါ)တည်ဆောက်ခြင်းလုပ်ငန်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ လွှဲပြောင်းလက်ခံခဲ့ခြင်းအပေါ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ (၁၄.၁၁.၂၀၁၉) ရက်နေ့ ကျင်းပသော အစည်းအဝေးမှတ်တမ်း အမှတ်စဉ် (၄၃/၂၀၁၉) ဆုံးဖြတ်ချက် အပိုဒ်(၁၃)အရ လုပ်ငန်းနှင့် ရန်ပုံငွေလွှဲပြောင်း အပ်နှံရန် သဘောတူညီခဲ့ပါသောကြောင့် နိုင်ငံတော် သမ္မတရုံး၏ (၁/၂၀၁၇) ညွှန်ကြားချက်များနှင့်အညီ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖွဲ့စည်းပေးသော တင်ဒါကော်မတီအဖွဲ့၊ တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီအဖွဲ့၊ ကြမ်းခင်းဈေးတွက်ချက်ရေး ကော်မတီအဖွဲ့နှင့် အရည်အသွေးစစ်ဆေးရေးနှင့် လက်ခံရေးကော်မတီအဖွဲ့များ ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ပါသည်။

            စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (၅၀'×၃၅'×၂၄') RC (၂)ထပ် (အတွင်းရေ၊ မီး၊ မိလ္လာ) (Apron & Drain အပါ) ဆောက်လုပ်ရန်အတွက် (၇.၁၁.၂၀၁၉) ရက်နေ့မှ (၆.၁၂.၂၀၁၉) ရက်နေ့ နေ့လည် (၁၃:၀၀)နာရီထိ တင်ဒါခေါ်ယူဆောင်ရွက်ရာတွင် (၈.၁၁.၂၀၁၉) ရက်နေ့ ထုတ် နိုင်ငံပိုင်မြန်မာ့အလင်းသတင်းစာ စာမျက်နှာ (၂၂)တွင် အိတ်ဖွင့် တင်ဒါကြော်ငြာထည့်သွင်းခေါ်ယူခဲ့ရာ ကုမ္ပဏီ(၇)ခုတို့မှ တင်ဒါလျှောက်လွှာပုံစံများ ဝယ်ယူခဲ့ပြီး အိတ်ဖွင့်တင်ဒါပြန်လည်တင်သွင်းရာတွင် ကုမ္ပဏီ (၃)ခုမှသာ ပြန်လည်တင်သွင်းခဲ့ပါသည်။

            ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်ရန် အိတ်ဖွင့်တင်ဒါ တင်သွင်း ခဲ့သော ဂရုဏာမိုးကုမ္ပဏီ၊ ယောညီကိုကုမ္ပဏီ၊ မြတ်ဂေဟာကုမ္ပဏီ (၃)ခုအနက်မှ လုပ်ငန်းအဆိုပြု တန်ဘိုးငွေ ကျပ်သန်း (၉၂.၄)သန်းနှင့် Technical Proposal  ရမှတ်(၇၆)ရရှိခဲ့သော ယောညီကို ကုမ္ပဏီအား မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးမှတ်တမ်း အမှတ်စဉ် (၂/၂၀၂၀) ဆုံးဖြတ်ချက်အပိုဒ် (၂၅)အရ အတည်ပြု ရွေးချယ်ခဲ့ပါသည်။

            အဆိုပါတင်ဒါအောင်မြင်ခဲ့သော ယောညီကိုကုမ္ပဏီနှင့် လုပ်ငန်းအပ်နှံခြင်း သဘောတူ စာချုပ်အား (၆.၂.၂၀၂၀) ရက်နေ့တွင် စာချုပ်ချုပ်ဆိုခဲ့ပြီး လုပ်ငန်းလက်ခံသည့် ကုမ္ပဏီမှ စာချုပ် တန်ဖိုး၏ (၅%)နှင့် ညီမျှသော Performance Guarantee ငွေကျပ် (၄၆၂၀၀၀ဝိ/-) ကို Bank Guarantee ပြုလုပ်၍ သတ်မှတ် နည်းလမ်းအတိုင်း ပေးသွင်းဆောင်ရွက်ခဲ့ပါသည်။

            သို့ဖြစ်ပါ၍ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (၅၀'×၃၅'×၂၄') RC (၂)ထပ် (အတွင်းရေ၊ မီး၊ မိလ္လာ) (Apron & Drain အပါ) တည်ဆောက်ရေး လုပ်ငန်းကို (၂၀.၂.၂၀၂၀) ရက်နေ့မှစတင်၍ Drawing Structure Design ပါ အတိုင်းဆောင်ရွက် လျက်ရှိရာ (၁၈.၃.၂၀၂၀)နေ့ အထိ စုစုပေါင်းလုပ်ငန်းပမာဏ၏ (၁၈ %)ပြီးစီးပြီဖြစ်ပါသည်။

စားသုံးသူရေးရာဦးစီးဌာန

မကွေးတိုင်းဒေသကြီး