Languages

Main menu

မွန်ပြည်နယ်တွင် အရည်အသွေးကောင်းမွန်သော ဆားနှင့်ဆားထွက်ပစ္စည်းများ ပိုမိုထုတ်လုပ် နိုင်စေရေး၊ ဈေးကွက်ခိုင်မာမှုရရှိစေရေး ပညာပေးသင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

Powered by Drupal

         ဆားလုပ်ငန်းတန်ဖိုးမြှင့်ထုတ်လုပ်မှုနည်းပညာ ပံ့ပိုးပေးနိုင်ရန်၊ ဈေးကွက်ခိုင်မာမှုရရှိစေရန်၊ အရည် အသွေးကောင်းမွန်သော ဆားနှင့်ဆားထွက်ပစ္စည်းများ ပိုမိထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ရန် ရည်ရွယ်၍ မွန်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မွန်ပြည်နယ်အတွင်းရှိ ဆားလုပ်ငန်းကော်မတီ၊ ဆားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ ဆားလုပ်ငန်းရှင်အသင်း၊ မော်လမြိုင်ကုန်စည်ဒိုင်အသင်းတို့ ပူးပေါင်း၍ “မွန်ပြည်နယ်တွင် အရည်အသွေးကောင်းမွန်သော ဆားနှင့်ဆားထွက်ပစ္စည်းများ ပိုမိုထုတ်လုပ် နိုင်စေရေး၊ ဈေးကွက်ခိုင်မာမှုရရှိစေရေး ပညာပေးသင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲ” ကို 21 Paradise Hotel (စက်စဲ ကမ်းခြေ) ၌ မတ်လ ၅ ရက်မှ (၇) ထိ (၃) ရက်ကြာ ကျင်းပပြုလုပ်ခဲ့သည်။

      အဆိုပါ သင်တန်းနှင့်ဆွေးနွေးပွဲသို့ မွန်ပြည်နယ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဒေါက်တာမင်းကြည်ဝင်း၊ မွန်ပြည်နယ်ဆားလုပ်ငန်းရုံးမှ ပြည်နယ်ဦးစီးမှူး ဦးခင်စိုးနှင့် ဝန်ထမ်းများ၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊  မွန်ပြည်နယ်ဆားလုပ်ငန်း ကော်မတီမှ အဖွဲ့ဝင်များ၊ ဆားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင်များ၊ မွန်ပြည်နယ်ဆားလုပ်ငန်းရှင် အသင်းဥက္ကဌ ဦးဝင်းထိန်နှင့် အသင်းဝင်များ၊ ပြည်နယ်အတွင်း ဆားလုပ်ငန်းရှင်များ၊ မွန်ပြည်နယ် ကုန်စည်ဒိုင်အသင်း ဥက္ကဌနှင့် အသင်းဝင်များ စုစုပေါင်း လူဦးရေ (၉၀) ကျော်ခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

မွန်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန