Main menu

ပြည်ခရိုင်၊ ပြည်မြို့ပေါ်ရှိ ညဈေးတန်းတွင်ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများ ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရေး ရည်ရွယ်၍ (၁၀.၁.၂၀၂၂)နေ့၊ ညနေ (၄:၀၀)နာရီအချိန်တွင် ပြည်မြို့၊ ကမ်းနားလမ်းရှိ ညဈေးတန်းသို့သွားရောက်၍ အစားအသောက် ရောင်းချနေသော ဈေးဆိုင်ပိုင်ရှင်များအနေဖြင့် နှာခေါင်းစည်း၊ လက်အိတ်နှင့်ခေါင်းစွပ်များ ဝတ်ဆင်အသုံးပြု၍ ရောင်းချခြင်းများရှိစေရေးအတွက် မိတ်ဖက်ဌာနဆိုင်ရာများဖြစ်သော ပြည်သူကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်းပြီး ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

      ယင်းသို့ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် ပြည်မြို့၊ ကမ်းနားလမ်း၊ ညဈေးတန်း ရှိ အစားအသောက်ရောင်းချနေသော လုပ်ငန်းရှင်များအနေဖြင့် နှာခေါင်းစည်း လက်အိတ်၊ ခေါင်းစွပ် များ တပ်ဆင်ရောင်းချမှု မရှိသည့်အတွက် နှာခေါင်းစည်း(Mask)များအား အခမဲ့ဝေငှခြင်း ဆောင်ရွက်ခဲ့ပြီး အစားအသောက်များ ရောင်းချရာတွင် သန့်ရှင်းသပ်ရပ်စွာ ရောင်းချရန်နှင့် ရောင်းချရာတွင် အသုံးပြုရသော ကုန်ကြမ်းပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြပါရှိမှသာ ဝယ်ယူအသုံးပြုကြရန် အသိပညာပေးခြင်း၊ သတိပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)