Main menu

ရွှေတောင်မြို့နှင့် ပန်းတောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေး

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့်ပြည်သူများ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးရည်ရွယ်၍ စားသုံးသူအသိပညာပေး လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်လျှက်ရှိရာ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် (၁၀.၁.၂၀၂၃) နေ့၌ အ.မ.က (ကြက်ဖြူတောင်)၊ (၁၁.၁.၂၀၂၃)နေ့၌ အ.လ.က (ခလရ-၁၄)၊ ပန်းတောင်းမြို့နယ်တွင် (၁၀.၁.၂၀၂၃) နံနက်ပိုင်း၌ မူလွန်(နတ်မောက်)၊ နေ့လည်ပိုင်း၌ အ.မ.က(ရွှေညီနောင်) စသည့် အခြေခံပညာကျောင်းများတွင် သက်ဆိုင်ရာမြို့နယ်ဌာနများနှင့် ပူးပေါင်းပြီး စားသုံးသူအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ရာ စုစုပေါင်းကျောင်း(၄) ကျောင်းရှိ ကျောင်းသူ/ကျောင်းသား စုစုပေါင်း(၃၉၂)ဦး တက်ရောက်ခဲ့ပါသည်။

        အသိပညာပေးဟောပြောပွဲတွင် သက်ဆိုင်ရာမြို့နယ်တာဝန်ခံများနှင့် ဝန်ထမ်းများမှ စားသုံးသူ အခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၏ တာဝန်နှင့်တားမြစ်ချက်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်များ ၊ နစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့် ပုဂ္ဂိုလ်များနှင့် နည်းလမ်းများ၊ တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်နှင့်လိပ်စာ၊ စားသုံးသူကာကွယ်ရေးဥပဒေပါပြစ်မှု၊ ပြစ်ဒဏ်များ အကြောင်းသက်ဆိုင်ရာဌာနများက စားသုံးရန်မသင့်ဟု တားမြစ်ထုတ်ပြန်ထားသော ကုန်စည်များအား ရွေးချယ် ဝယ်ယူခြင်းမပြုရန်၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူကြရန် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရှိိရပါသည်။

DOCA(ပဲခူး)