Main menu

“ကန့်ဘလူမြို့၊ အမှတ်(၁)ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်းခွဲ” တွင် စားသုံးသူအသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

       စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်းတစ်ဦးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ကန့်ဘလူမြို့၊ အမှတ်(၁)ရပ်ကွက်၊ အခြေခံပညာအလယ်တန်း ကျောင်းခွဲ၌ ၁၀.၁.၂၀၂၂ ရက်နေ့က စားသုံးသူအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရှိ ရပါသည်။

          အဆိုပါဟောပြောပွဲတွင် မိတ်ဖက်ဌာနမှ မိမိတို့နှင့်သက်ဆိုင်သည့် အကြောင်းအရာများကို ဟောပြောခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဦးမျိုးဝင်းသန်းက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော ကုန်စည်များကို စနစ်တကျရွေးချယ်ဝယ်ယူ သုံးစွဲတတ်စေရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။ ကျောင်းအုပ်ဆရာကြီး၊ ဆရာ/ဆရာမ (၁၀)ဦးနှင့် ကျောင်းသား ကျောင်းသူ (၁၅၀)ဦး ၊ စုစုပေါင်း (၁၆၀) ဦးတက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)