Main menu

ပြည်မြို့နယ်ရှိ စာသင်ကျောင်းများသို့သွားရောက်၍ စားသုံးသူအသိပညာပေး ဟောပြောခြင်းနှင့် မုန့်ဈေးတန်းစစ်ဆေးခြင်းများဆောင်ရွက်

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း များသည် (၁၁.၁.၂၀၂၃)ရက်နေ့၊ နံနက်ပိုင်းတွင် ပြည်မြို့နယ် ၊ အ.ထ.က (၄)၊ အခြေခံပညာ အထက်တန်းကျောင်းရှိ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟော ပြောပွဲ ကျင်းပပြုလုပ် ခဲ့ပြီး ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ (၁၀၀)ကျော်တက်ရောက်ခဲ့ကြောင်း သိရှိရပါ သည်။

   အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်မှ အကြီးတန်းစာရေး ဒေါ်ခင်ဆွေဦးမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများ ရရှိစေရန်နှင့် စားသုံးသူရေးရာဦးစီးဌာနက ဆောင်ရွက်လျှက်ရှိသည့် အကြောင်းအရာများကို လည်းကောင်း ၊ စားသုံးသူများအနေဖြင့် ကုန်စည်များဝယ်ယူသုံးစွဲရာတွင် ကုန်စည်တွင် ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသားများကို ဦးစားပေးကြည့်ရှုရန်နှင့် ကုန်အညွှန်းအမှတ်အသား များကို မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြထားရမည်ဖြစ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြမထားသည့်ကုန်ပစ္စည်းများကို ဝယ်ယူစားသုံးကြရန်မသင့်ကြောင်း၊ စားသုံးသူအခွင့်အရေး (၈)ချက်ကို နားလည်သဘောပေါက်အောင်ရှင်းလင်းခြင်း၊ စားသုံးသူများ လိုက်နာရမည့် တာဝန်များကို အသိပေးပြောကြားခဲ့ပြီး ကျောင်းသား/ကျောင်းသူများ၏ သိလိုသည် များကို ပြန်လည် ဖြေကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)