Main menu

စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရခိုင်ပြည်နယ် ၊ စားသုံးသူရေးရာဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူး၊ ဦးဝင်းနိုင်(ဦးစီးအရာရှိ)နှင့် ဝန်ထမ်းများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)နှင့် ပူးပေါင်း၍ သံတွဲမြို့၊ ငပလီ အ.ထ.က စာသင်ကျောင်း၌  (၁၁-၁-၂၀၂၃) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင်  စားသုံးသူကာကွယ်ရေး အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါ အသိပညာပေးဟောပြောပွဲတွင် သံတွဲမြို့၊ ငပလီ အ.ထ.က ကျောင်းအုပ် ဆရာမကြီး ဒေါ်စိုးစိုးထွန်းမှ ကျောင်းသား/သူများအား အစားအသောက်နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန် စားသုံးသူကာကွယ်ရေးဆိုင်ရာကိစ္စများကို ဌာနမှ ပြောကြားချက်များအား ကြားနာ မှတ်သားစေရေး အဖွင့်အမှာစကားပြောကြားပြီး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ ဒေါ်ရတီဦး (ဒု-ကြီးကြပ်ရေးမှူး)က အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်းများအား စားသုံးသူ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဓာတ်ခွဲစစ်ဆေးဆောင်ရွက်နေမှုများ၊ စားသုံးသူအန္တရာယ် ဖြစ်စေနိုင်သော ကြာရှည်အထားခံ ဆေးဝါးအသုံးပြုမှုအန္တရာယ်၊ ဓာတုဆိုးဆေးအန္တရာယ်၊ ဆေးသကြား အသုံးပြုမှုအန္တရာယ်၊ FDA ဌာန အကြောင်းသိကောင်းစရာများအား ရှင်းလင်းပြောကြားပြီး ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူး၊ ဦးဝင်းနိုင် (ဦးစီးအရာရှိ) မှ စားသုံးသူ ရေးရာဦးစီးဌာန၏ ရည်မှန်းချက်(Vision)၊ မျှော်မှန်းချက် (Mission) အနက်အဓိပ္ပာယ် ဖွင့်ဆိုချက်နှင့် ကျောင်းသား/သူများအနေဖြင့် စားသုံးသူများဝယ်ယူသုံးစွဲရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)၊ ပုဒ်မ (၄၁) ဖော်ပြချက်နှင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်ပတ်သက်၍ စားသုံးသူ အခွင့်အရေး(၈) ချက်၊ စားသုံးသူတာဝန် (၄) ချက်တို့အား အကျယ်တဝင့် ချပြရှင်းလင်း ပြောကြားခြင်း၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ဌာနတွင် ဖွင့်လှစ်ထားသည့် Consumer Information Complaint Center(CICC) ရုံးခန်းသို့ လာရောက်တိုင်ကြားနိုင်ကြောင်း၊ စားသုံးသူ ရေးရာဦးစီးဌာနအနေဖြင့် လုပ်ငန်းဆောင်ရွက်ချက်များအား လေ့လာရန်နှင့် တိုင်ကြားလိုပါက ဌာန၏ website ဖြစ်သည့် www.doca.gov.mm နှင့် DOCA  Myanmar Mobile Application တွင် ဝင်ရောက်လေ့လာ ကြည့်ရှုနိုင်ပြီး Consumer Call Center 1535 ကိုခေါ်ဆို၍လည်း မေးမြန်းတိုင်ကြားနိုင်ကြောင်း ဟောပြောဆွေးနွေးမှုပြုလုပ်ခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသား/ သူများ၏ မေးမြန်းချက်များအား ပြန်လည်ရှင်းလင်းဖြေကြားကာ ကျောင်းစာကြည့်တိုက်သို့ စားသုံးသူကာကွယ်ရေးဥပဒေ စာအုပ်အား ပေးအပ်လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)