Main menu

မိုးညှင်းမြို့ပေါ်ရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦး‌ကျော်မိုးလွင်သည် ၁၂.၁.၂၀၂၃ ရက်နေ့ နံနက် ၁၀း၀၀နာရီအချိန်တွင် မိုးညှင်းမြို့ပေါ်ရှိ ကုန်စုံဆိုင်၊ စတိုးဆိုင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက် နှင့်ကိုက်ညီမှု ရှိ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ရွှေကျီး အမှတ်တံဆိပ်ပါ ကြက်ဥကိတ်ခြောက်တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် သိသာထင်ရှားစွာဖော်ပြ ရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်း ဆည်းမှုအညွန်းနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက် စသည့်အချက်များ ကုန်အညွှန်းအမှတ်အသား ဖော်ပြထားရှိခြင်း ရှိ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။
DOCA(ကချင်)