Main menu

ကျိုက်မရောမြို့ပေါ်ရှိ ဓာတ်မြေဩဇာအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

Powered by Drupal

မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံသည် ၃.၁.၂၀၂၃ ရက်နေ့တွင် မိတ်ဖက်ဌာနဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကျိုက်မရောမြို့ ဓာတ်မြေဩဇာရောင်းချသည့် အရောင်းဆိုင်များအား ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးနှုန်းသက်သာသော အရည်အသွေးနိမ့် ဓာတ်မြေဩဇာများကို ထိုင်းနိုင်ငံထုတ် အိုင်ပီစီမြင်းပျံဓာတ်မြေဩဇာအတုများ ပြုလုပ်ရောင်းချနေမှု ရှိ/မရှိ စစ်ဆေးခဲ့ရာ ထိုင်းနိုင်ငံထုတ် အိုင်ပီစီမြင်းပျံဓာတ်မြေဩဇာများ တုပရောင်းချခြင်းမရှိကြောင်း သိရှိရပါသည်။
ထို့နောက် ဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ ကုန်အညွှန်း အမှတ်အသားဖော်ပြချက်များနှင့် စပ်လျဉ်း၍ အသေးစိတ်ဖော်ပြ ပါရှိသော လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနမှလည်း ဓာတ်မြေဩဇာနှင့်ပတ်သက်သည့် အမိန့်၊ ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မွန်)