Main menu

ဘီလင်းမြို့ ကန်သာယာရပ်ကွက်(၈)ရှိ (မိဘအရိပ်) မုန့်တီစက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

ဘီလင်းမြို့နယ်စားသုံးသူရေးရာဦးစီးဌာန မှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၁၁.၁.၂၀၂၃) ရက်နေ့တွင် ဘီလင်းမြို့ ကန်သာယာရပ်ကွက်(၈)ရှိ (မိဘအရိပ်) မုန့်တီစက်သို့ သွားရောက်၍ စားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများအပေါ် သုံးစွဲရာတွင် ဘေးဥပါဒ်အန္တရာယ် ကင်းရှင်းစေရန် ရည်ရွယ်၍ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်နှင့်ဝတ္တရားများကို လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုသို့ဆွေးနွေးရာတွင် မုန့်တီလုပ်ငန်းရှင်၏ တစ်ရက်တာထုတ်လုပ်မှု၊ မြို့နယ်တွင်း ဖြန့်ဖြူးရောင်းချမှု ၊ ဓါတုဆေးဝါးကင်းရှင်းစေရန်နှင့် ပတ်ဝန်းကျင်အားထိခိုက်စေနိုင်သည့် ရေဆိုးရေညစ်အနံ့များအား စနစ်တကျ စွန့်ပစ်စေနိုင်ရေးအတွက် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မွန်)