Main menu

စက်ဆီ/ချောဆီများအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ မအူပင်မြို့နယ် ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၁၀.၁.၂၀၂၃) ရက်နေ့ (၁၀:၀၀)နာရီအချိန်တွင် မအူပင်မြို့ပေါ်ရှိ စက်ဆီ/ချောဆီရောင်းချသည့် ဆိုင်များအား မိတ်ဖက်ဌာနများနှင့်အတူ ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မအူပင်မြို့ပေါ်ရှိ စက်ဆီ/ချောဆီ ရောင်းချနေသော မြတ်ဆိုင်ကယ်အပိုပစ္စည်းအရောင်းဆိုင်၊ ထိုက် ဆိုင်ကယ်အပိုပစ္စည်းအရောင်းဆိုင်၊ ကိုသူရ စက်ဆီ/ချောဆီ အရောင်းဆိုင်(၃)ဆိုင်မှ ရောင်းချနေသော ကုန်စည်များတွင် PPRTမှ ခွင့်ပြုထားခြင်း ရှိ/မရှိ၊ တရားဝင်တင်သွင်းထားသော ကုန်စည်များ ရောင်းချခြင်းရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်မှု ရှိ/မရှိကို စစ်ဆေးခဲ့ကြပါသည်။ ဆက်လက်၍ ဆိုင်ရှင်များကိုလည်း ကုန်အညွှန်အမှတ်အသား သတ်မှတ်ချက်ပြည်စုံစွာ ဖော်ပြထားခြင်းမရှိသော ကုန်စည်များကို မရောင်းချရန်၊ ဌာနတို့၏ တားမြစ်ကုန်စည်များကိုလည်း မရောင်းချရန်နှင့် သတ်မှတ်ချက်စည်းကမ်းများနှင့် မကိုက်ညီသော ကုန်စည်များကိုရောင်းချခြင်း မျိုးစစ်ဆေးတွေ့ ရှိပါက အရေးယူဆောင်ရွက်ခြင်း၊ ပြစ်မှု၊ပြစ်ဒဏ်များ ခံရမည်ဖြစ်ကြောင်း လုပ်ငန်းရှင်တို့ လိုက်နာရမည့် တာဝန်များ၊ စစ်ဆေးရေးအရာရှိတို့၏ လုပ်ငန်းတာဝန်များအကြောင်းကို ရှင်းလင်းဆွေးနွေး အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)