Languages

Main menu

တောင်ကြီးမြို့ပေါ်ရှိ ကလေးအသုံးအဆာင်ပစ္စည်းနှင့်ကစားစရာဆိုင်များအား စျေးကွက်ထောက်လှမ်းစစ်ဆေး

Powered by Drupal

        ၆.၃.၂ဝ၂ဝ ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်ကြီးမြို့ပေါ်ရှိကလေးအသုံးအဆာင်ပစ္စည်းနှင့်ကစားစရာအရောင်းဆိုင်များသို့ သွားရောက်၍ စျေးကွက်ထောက်လှမ်းခဲ့ရာ အချို့သော ကလေးအသုံးအဆာင်ပစ္စည်းများနှင့် ကစားစရာများ တွင် သုံးစွဲပုံနည်းလမ်းများ၊ သတိပေးချက်များ၊ အသက်အပိုင်းအခြား အလိုက်ကန့်သတ် တားမြစ်ချက်များ (သုံးနှစ်အောက်ကလေးများဆော့ကစားရန်မသင့်စသဖြင့်) ၊ ထားသိုသိမ်းဆည်းပုံ နည်းလမ်းများနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်များကို မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြထားသော်လည်း အချို့မှာဖော်ပြထားမှုမရှိသေးကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ၂ဝ၁၉ခုနှစ်၊ စားသုံးသူကာကွယ်ရေး ဥပဒေပါကုန်အညွှန်းအမှတ်အသားဖော်ပြမှုဆိုင်ရာ အချက်အလက်များ အကြောင်းကို လုပ်ငန်းရှင်များသိရှိစေရန်အသိပညာများပေးခြင်းနှင့် လက်ကမ်းစာစောင်များ မှျဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်(တောင်ကြီး)

စားသုံးသူရေးရာဦးစီးဌာန