Main menu

မွန်ပြည်နယ်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း ဖွင့်လှစ်

Powered by Drupal

           မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် လက်ရှိဝန်ထမ်းများ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ၊ စာသုံးသူကာကွယ်ရေးဥပဒေနည်းဥပဒေများ နှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များအားကျယ်ကျယ်ပြန့်ပြန့်သိရှိ၍ စားသုံးသူများကို အသိပညာပေးရေးဆောင်ရွက်သည့်အခါ ပိုမိုအဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း(၂/၂၀၂၂)ကို ၂၉.၁၂.၂၀၂၂နေ့မှ ၃၀.၁၂.၂၀၂၂ရက်နေ့ထိ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးနှင့် သထုံခရိုင်ဦးစီးမှူးရုံးတို့တွင် တပြိုင်တည်းကျင်းပပြုလုပ်ခဲ့ရာ နည်းပြများနှင့်သင်တန်းသား၊သင်တန်းသူစုစုပေါင်း (၄၃)ဦးတက်ရောက်ခဲ့ကြောင်းရှိရပါမည်။

           သင်တန်းဖွင့်ပွဲအခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းတွင် စာသုံးသူကာကွယ်ရေးဥပဒေ ၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် ပတ်သက်သော အသိပညာပေးခြင်း ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ ကိစ္စရပ်များ၊ စားသုံးသူကာကွယ်ရေးနည်းဥပဒေ၊ အမျိုးသားစားသုံးသူကာကွယ်ရေး အစီအစဉ် (၂၀၂၁-၂၀၂၅) စားသုံးသူရေးရာ ကိစ္စရပ်များကို သက်ဆိုင်ရာ တာဝန်ခံများ မှအသီးသီးဆွေးနွေးပို့ချခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)