Main menu

တနင်္သာရီတိုင်းဒေသကြီး ရော်ဘာစျေးကွက်အခြေအနေ

Powered by Drupal

       တနင်္သာရီတိုင်းဒေသကြီးသည် ရော်ဘာ၊  ကွမ်းသီးများကို အဓိကထား စိုက်ပျိုးလျက်ရှိသည့် တိုင်းဒေသကြီးဖြစ်ပါသည်။ ရော်ဘာစိုက်ပျိုးသည့်ဧရိယာမှာ (၃၄၉၁၂၁)ဧက၊ အစေးလှီးဧရိယာမှာ (၁၉၃၂၇၅)ဧက၊ အထွက်နှုန်းမှာ (၄၉၉.၉၉)ပေါင် ရှိပြီး တစ်နှစ်စာပျှမ်းမျှအထွက်တန်မှာ (၄၃၈၃၄) မက်ထရစ်တန် ရှိကြောင်း သိရှိရသည်။

          မှိုင်းခံရော်ဘာတွင်  RSS-1၊ RSS-2၊ RSS-3၊ RSS-4၊ RSS-5 ဟူ၍ အဆင့်သတ်မှတ်ချက် (၅ ) မျိုး ရှိပါသည်။ ယခုလက်ရှိ တနင်္သာရီတိုင်းဒေသကြီးအတွင်းတွင် RSS-3 နှင့် RSS-5 ( ၂ ) မျိုးသာ အဓိက အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

      ရော်ဘာဈေးနှုန်းမှာ ယခုအပတ်    (၂.၁.၂၀၂၃)  မှ (၆. ၁.၂၀၂၃) အထိ ရော်ဘာစျေးနှုန်းမှာ RSS-3 တစ်ပေါင်လျှင် ကျပ် ၁၃၀၀ နှုန်း၊ RSS-5 တစ်ပေါင်လျှင် ကျပ် ၁၂၀ဝ နှုန်း ပေါက်ဈေး ရှိပြီး RSS-3 သည် RSS-5 ထက် အပြစ်အနာ ဆာကင်းသောကြောင့် ဈေးကောင်းပိုရလျက်ရှိကြောင်း သိရှိရပါသည်။ ရော်ဘာကို ကော့သောင်းနှင့် ထိုင်းဖက်သို့ အများဆုံးတင်ပို့လျက်ရှိကြောင်း သိရှိရပြီး ယခုအခါ သယ်ယူပို့ဆောင်ခ (ကားခ) တစ်တန်လျှင် (၁၈၀၀၀၀−၂၀၀၀၀၀)နှုန်းရှိကြောင်း စုံစမ်းသိရှိရသည်။

DOCA(တနင်္သာရီ)