Main menu

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် စက်သုံးဆီအရောင်းဆိုင်များ ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိမရှိကွင်းဆင်းစစ်ဆေး

Powered by Drupal

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်၊ ဒု-ခရိုင်ဦးစီးမှူးဦးမိုးမင်းသန်းနှင့် မြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦးတို့သည် (၆.၁.၂၀၂၃)ရက်နေ့ နံနက်(၁၀:၀၀)နာရီက မြောင်းမြမြို့နယ်၊ မြို့ပေါ်ရှိစက်သုံးဆီအရောင်းဆိုင်များသို့ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချနေခြင်း ရှိ/မရှိ ကွင်းဆင်းစိစစ်ကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင်  ခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်မှ စက်သုံးဆီတင်သွင်းရောင်းချဖြန့် ဖြူးနေသည့် လုပ်ငန်းရှင်များအား တရားမဝင်သွင်းကုန် စက်သုံးဆီ၊ ချောဆီများအား တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဖြင့် စစ်ဆေးဖော်ထုတ်ဆောင်ရွက်နေကြောင်း၊ စက်သုံးဆီ၊ ချောဆီများ သယ်ဆောင်မှုအား စောင့်ကြည့်စစ်ဆေးခြင်း၊ မြို့နယ်အလိုက်စက်သုံးဆီအရောင်းဆိုင်အရေအတွက်နှင့် လက္ကားဝယ်ယူသည့် ကုမ္ပဏီစာရင်းများ ကောက်ယူနေကြောင်း လုပ်ငန်းရှင်များ အနေဖြင့် တရားမဝင်စက်သုံးဆီ၊ ချောဆီများတင်သွင်း၊ ဖြန့်ဖြူးရောင်းချနေခြင်း စစ်ဆေးတွေ့ရှိရပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း PPRD မှ နေ့စဉ်ထုတ်ပြန်ထားသော စက်သုံးဆီ ရည်ညွှန်းဈေးထက်ပိုမိုရောင်းချခြင်း ရှိ/မရှိနှင့် ပြည်သူများအဆင်ပြေစွာဝယ်ယူနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေး စက်သုံးဆီများကို သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချခြင်းမပြုပဲ အချိန်အတွယ် မှန်ကန်စွာရောင်းချနိုင်ရေး ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန် စက်သုံးဆီလုပ်ငန်းရှင်များသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)