Main menu

တရားမဝင်ကော်ဖီမစ်များ ဈေးကွက်အတွင်း ရောင်းချ ဖြန့်ဖြူးခြင်း ရှိမရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

  ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှခရိုင်ဦးစီးမှူး ဦးမောင်မောင်ခိုင်နှင့် ဝန်ထမ်းများသည် ၃.၁.၂၀၂၃ ရက်နေ့တွင် ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် ပူးပေါင်း၍ မိုးညှင်းမြို့အတွင်းရှိ ကုန်စုံဆိုင်(၅)ဆိုင်အား COFFEE SHOP (very good) အမှတ်တံဆိပ်ပါ ကော်ဖီမစ်ကဲ့သို့ အန္တရာယ်ဖြစ်စေသည့် စားသောက်ကုန်များ တရားမဝင်ဖြန့်ဖြူးရောင်းချခြင်း ရှိ မရှိ ပူးပေါင်းအဖွဲ့များနှင့် ကွင်းဆင်းစစ်ဆေးခဲ့ရာ တရားဝင်ကော်ဖီမစ်များကိုသာ ဖြန့်ဖြူရောင်းချလျက် ရှိကြောင်းစစ်ဆေးတွေ့ရှိရပြီး  ဘေးအန္တရာယ်ဖြစ်စေမည့် စားသောက်ကုန်များနှင့် COFFEE SHOP (very good) အမှတ်တံဆိပ်ပါ တရားမဝင်ကော်ဖီမစ်အား ရောင်းချခြင်းမပြု‌ရန် ပညာပေးဆွေးနွေးခဲ့ ပါသည်။

DOCA(ကချင်)