Main menu

ကုန်စည်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ(၂၃)ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန်တွင် ရေဦးမြို့၊ ဗိုလ်အောင်ဇေယျရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းချသည့်ဆိုင်အား ရေဦးမြို့နယ် တာဝန်ခံမှ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

         အဆိုပါ ကုန်မျိုးစုံရောင်းချသည့်ဆိုင်မှ မုန့်မျိုးစုံနှင့် စားသောက်ကုန်များအား ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိနှင့် သက်တမ်းလွန်များ ရောင်းချခြင်းရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ကိုက်ညီမှုရှိပြီး သက်တမ်းလွန် စားသောက်ကုန်များ ရောင်းချမှုမရှိသော်လည်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ဌာနမှဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကိုသိရှိနိုင်စေရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၁၈)ပါ ကုန်အညွန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာထည့်သွင်းဖော်ပြ၍ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချကြရန်၊ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဌာန၏အတည်ပြုချက်ရယူနိုင်ရေး ဆောင်ရွက် ကြရန်၊ ဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် အားမခံပေးထားမှုအပါ် စားသုံးသူကတောင်းဆို နိုင်သည့်အခွင့်အရေးများ၊ ကုန်စည်နှင့်ဝန်ဆောင်မှုကြောင့် စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွား နစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့်အကြောင်းနှင့် တိုင်ကြားနိုင်သည့်နေရာတို့ကို အသိပညာပေး ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)