Main menu

စားသုံးသူအသိပညာပေးဗီနိုင်း၊ ပိုစတာကြီးများအား စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့ကြီးများတွင် စိုက်ထူပြသထား

Powered by Drupal

              စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် စားသုံးသူ အသိပညာပေး ဗီနိုင်း၊ ပိုစတာ ( ၇)ခုအား မုံရွာမြို့၊ စစ်ကိုင်းမြို့၊ ရွှေဘိုမြို့၊ ကန့်ဘလူမြို့၊ ကလေးမြို့နှင့် ကသာမြို့တို့တွင် လူစည်ကားရာ လမ်းဆုံလမ်းခွနေရာများ၌ စိုက်ထူပြသထားကြောင်း သိရသည်။

          စစ်ကိုင်းတိုင်းဒေသကြီးစာသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံသူပြည်သူများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို အကာကွယ်ပေးလျှက်ရှိရာ ဌာနသို့ တိုင်ကြားလာသော စားသုံးသူနစ်နာမှုများကိုလည်း စားသုံးသူ ကာကွယ်ရေးဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်လျှက်ရှိပါသည်။ စားသုံးသူပြည်သူများ အနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ နစ်နာမှုတစ်စုံတစ်ရာကြုံရပါက စားသုံးသူ ရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ပြီး ထိုက်သင့်သည့်ကုစားမှုများရရှိရေး ဌာနအနေဖြင့် ဆောင်ရွက် ပေးလျှက်ရှိပါသည်။ စားသုံးသူပြည်သူများအနေဖြင့် ၎င်းတို့၏နစ်နာမှုများကို ဌာနသို့ အလွယ်တကူ ဆက်သွယ်တိုင်ကြားနိုင်စေရေးအတွက် တိုင်ကြားနိုင်မည့် နည်းလမ်းများနှင့် ပတ်သက်သည့် အသိ ပညာပေးဗီနိုင်း၊ ပိုစတာများအား စိုက်ထူပြသခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

          အဆိုပါပိုစတာများတွင် စားသုံးသူနစ်နာမှုများကို စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်းနှင့် ဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်မည့် နည်းလမ်းများဖြစ်သည့် ဌာန Website၊ Mobile Application၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေး စင်တာများ (CICC)၊ Consumer Call Center 1535 တို့အား အသိပညာပေး ဖော်ပြထားကြောင်း သိရှိရပါသည်။

DOCA (စစ်ကိုင်း)