Main menu

နိုင်ငံစီးပွားမြှင့်တင်ရေး နွေစပါးတိုးချဲ့စိုက်ပျိုးပေး

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ တိုင်းဒသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လုပ်ငန်းလမ်းညွှန်မှုပြုထားရှိသည်နှင့်အညီ မင်းဘူးမြို့နယ်တွင် (၂၀၂၂-၂၀၂၃)ခုနှစ် နွေစပါးစိုက်ပျိုးရာသီ ရေရရှိရေးနည်းလမ်းများအရ နွေစပါး(၁၀၀)ဧကအား နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ စက်မှု လယ်ယာဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် လယ်ယာဖွံ့ဖြိုးရေး ဘဏ်တို့ပါဝင်သော မြို့နယ်အဆင့် လုပ်ငန်းကြီးကြပ်မှုကော်မတီအဖွဲ့သည် (၁၇.၁၂.၂၀၂၂) ရက်နေ့ နေ့လယ် (၁၆:၀၀) နာရီ အချိန်တွင် မင်းဘူးမြို့နယ်၊ ထိန်တော ကျေးရွာအုပ်စု၊ ထိန်တောကျေးရွာသို့ သွားရောက်ကွင်းဆင်း၍ ဓမ္မာရုံတွင်ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါ သည်။

        မြို့နယ်အဆင့်လုပ်ငန်းကြီးကြပ်မှုကော်မတီအဖွဲ့မှ မင်းဘူးမြို့နယ်၏ (၂၀၂၂-၂၀၂၃)ခုနှစ် နွေစပါး ရာသီ ရေရရှိရေးနည်းလမ်းများအရ နွေစပါး(၁၀၀)ဧကအား နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် လိုအပ်မည့်တောင်သူ(၁)ဦးချင်း၊ တောင်သူအစုအဖွဲ့လိုက် ဆောင်ရွက် ရမည့်လုပ်ငန်းစဉ်များအပေါ် အသေးစိတ်ချပြရှင်းလင်း ဆွေးနွေးခြင်း၊ နွေစပါးစိုက်တောင်သူစာရင်းနှင့် မြေပြင်အမှန်စိုက်ပျိုးလျက်ရှိသည့် တောင်သူများအား ပုံစံ(၇)ရှိ/မရှိ၊ ဖော်ပြပါဧရိယာမှန်ကန်မှုရှိ/မရှိ များစိစစ်ပြုစုခြင်း၊ စိုက်ပျိုးစရိတ်ချေးငွေ ကြွေးကျန်များနှင့် ပေးဆပ်နိုင်မှုနည်းလမ်းများ၊ တောင်သူများမှ လိုအပ်သည့်သွင်းအားစုများ စုစည်းတင်ပြနိုင်ရေး၊ စီမံကိန်းမူဘောင်နှင့်အညီ သိရှိလိုက်နာဆောင်ရွက် နိုင်ရေးဆွေးနွေးခဲ့ပါသည်။

       အဆိုပါဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးမြင့်ကြည်(မြို့နယ်တာဝန်ခံ)မှ သွားရောက်ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)