Main menu

ချောက်ခရိုင်၊ ချောက်မြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးနှင့် ဒေါ်ချိုဝေလွင် (ဒု-ဦးစီးမှူး)တို့သည်(၂၀.၁၂.၂၀၂၂) ရက်နေ့ နေ့လယ် (၁၃း၃၀)မှ (၁၅း၀၀)နာရီအထိ ချောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်းပြီး အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (ချောက်မြို့)၌  စားသုံးသူကာကွယ်ရေးအသိပညာပေး ဆွေးနွေးပွဲကျင်းပခဲ့ကြောင်း  သိရှိရပါသည်။

      ချောက်မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး (၈)ချက်၊ တာဝန်(၄)ချက်နှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ တားမြစ်ချက်များ၊ ကုန်စည်/ ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ စားသုံးသူများ တောင်းဆိုနိုင်သည့်အခွင့်အရေးများ ၊ စားသုံးသူများ ဝယ်ယူစားသုံး/ အသုံးပြုရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံရမည့်အချက်များ၊ ဥပဒေပါ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားနိုင်သူများ၊ တိုင်ကြားပုံနည်းလမ်းများ၊ Internet Mobile Application တွင် ဝင်ရောက် တိုင်ကြားပုံ Consumer Call Center 1535 သို့ ခေါ်ဆိုတိုင်ကြားနိုင်မှုတို့အား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

           အသိပညာပေးဆွေးနွေးပွဲသို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/မ (၁၅)ဦး၊ ကျောင်းသား/သူ (၈၅)ဦး၊ ဌာနဆိုင်ရာများ၊ NGO အသင်းအဖွဲ့များ စုစုပေါင်း အင်အား(၁၁၀)ခန့် တက်ရောက်ခဲ့ပြီး ဌာနမှ စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)