Main menu

မြောက်ဦးမြို့နယ်အတွင်းရှိ မြေဩဇာအရောင်းဆိုင်များတွင် အရည်အသွေးနိမ့် “မြင်းပျံ” မြေဩဇာများ တုပ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းအရောင်းဆိုင်များ တွင် အရည်အသွေးနိမ့် “မြင်းပျံ” အမည်ဖြင့် မြေဩဇာအတုများ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို (၂၆-၁၂-၂၀၂၂) ရက်နေ့၊ နေ့လည် (၂:၀၀) နာရီအချိန်တွင်  စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ဦး ခရိုင်ဦးစီးမှူး ဦးလှမောင်သိန်း ဦးဆောင်၍ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်ခဲ့ပါသည်။

           ကွင်းဆင်းစစ်ဆေးရခြင်း ရည်ရွယ်ချက်မှာ ဈေးနှုန်းသက်သာသော အရည်အသွေးနိမ့် မြေဩဇာများကို ထိုင်းနိုင်ငံ ပြည်တွင်းသုံး “မြင်းပျံ” အိတ်ခွံများဖြင့် ပြန်လည်ထုပ်ပိုးပြီး ICP မြင်းပျံ မြေဩဇာအတုများ ပြုလုပ်ရောင်းချနေမှုများရှိနေ၍ မြောက်ဦးမြို့နယ်ဈေးကွက်အတွင်းရှိ စိုက်ပျိုးရေး အရောင်းဆိုင် လုပ်ငန်းရှင်များအား “မြင်းပျံ” မြေဩဇာအတုများ ရောင်းချမှု မရှိစေရေးနှင့် အတု/ အစစ်ခွဲခြားရောင်းချနိုင်ရေး၊ စားသုံးသူ တောင်သူများနစ်နာဆုံးရှုံးမှုမရှိစေရေး အရည်အသွေး ကောင်းမွန်သော တရားဝင် တင်သွင်းဖြန့်ဖြူးသော မြေဩဇာများကိုသာ ရောင်းချရေး ဆွေးနွေး ပြောကြားခဲ့ပါသည်။

၎င်းအပြင် ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာ ဆောင်ရွက်ရမည့် တာဝန်များ၊ တားမြစ်ချက်များနှင့်ပတ်သက်၍ အသိပညာပေး ပြောကြားခဲ့ ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)