
၁၅.၁၀.၂၀၂၆ ရက်နေ့ နံနက် (၈) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စီမံကိန်းဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် စားအုန်းဆီ အရောင်းဆိုင် များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
၁၅.၁၀.၂၀၂၆ ရက်နေ့ နံနက် (၁၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်တာဝန်ခံသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စီမံကိန်းဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် စားအုန်းဆီ အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျိုက်ထိုမြို့နယ်အတွင်းရှိ သတ်မှတ်ရည်ညွှန်း ဈေးအတိုင်း ပြည်သူများသို့ စားအုန်းဆီဖြန့်ခွဲရောင်းချလျက်ရှိသော နေရာများကို သွားရောက်ကာ စားအုန်းဆီ ကွင်းဆင်းစစ်ဆေးရာတွင် မှန်(၆) မှန် ဖြစ်သည့် နိုင်ငံတော်မှ ခွဲတမ်းဖြင့် ချထားပေးသော စားအုန်းဆီများကို ပြည်သူများထံ ပြန်လည် ရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် မှန်ကန်စွာ ရောင်းချခြင်း ရှိ/မရှိ၊ အလေးချိန် မှန်ကန်စွာရောင်းချခြင်း ရှိ/မရှိ၊ အရည်အသွေးပြည့်ဝမှန်ကန်စွာ ရောင်းချခြင်း ရှိ/မရှိ၊ နေရာ အချိန် တိကျမှန်ကန်စွာ ရောင်းချခြင်း ရှိ/မရှိ နှင့် ပြည်သူများထံသို့ အမှန်တကယ် ရောင်းချခြင်း ရှိ/မရှိ စသည်တို့ကို စစ်ဆေးခဲ့ကြပြီး ပြည်သူများအား ရောင်းချရာတွင်လည်း သန်းခေါင်စာရင်း၊ ဆီထုတ်ယူရေး စာအုပ်စနစ်များဖြင့် ရောင်းချ ပေးနေခြင်း ရှိ/မရှိ ကို စစ်ဆေးခဲ့ကြသည်။
ထို့နောက် စစ်ဆေးရေးအဖွဲ့သည် စားအုန်းဆီအရောင်းဆိုင်ပိုင်ရှင်များအား ပြည်သူများ သက်သာစွာ ဝယ်ယူနိုင်ရေး ဖြန့်ခွဲပေးထားသည့် စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ အချိန်အတွယ် လိမ်လည်ခြင်း နှင့် တရားမဝင် သိုလှောင်ထားခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအပါအဝင် တည်ဆဲဥပဒေများအရ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေး ရှင်းလင်းမှာကြားခဲ့ကြောင်း သိရသည်။
DOCA (မွန်)
