Main menu

ဘားအံမြို့ပေါ်တွင် Diclon-M ပုံစံတူ ဆေးဝါးများဈေးကွက်အတွင်း ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

        ကရင်ပြည်နယ်၊   စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍   ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့၊ နေ့လယ် ၁၄:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်ဘားအံမြို့ပေါ်ရှိ ဆေးဆိုင်များတွင် Diclon-M Tablet (Diclofenac Sodium 50 mg, Paracetamol 500g) ကို ဈေးကွက်အတွင်းရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခဲ့သည့်အပြင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ညွှန်ကြားချက် အရ Onine Medi တွင် ရောင်းချနေသော အန္တရာယ်ဖြစ်စေသည့် တရားမဝင်အစားအသောက်များ ဈေးကွက်အတွင်းရောင်းချမှု ရှိ/မရှိ တို့ကိုလည်း ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

         ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် Diclon-M Tablet (Diclofenac Sodium 50 mg, Paracetamol 500g) ပုံစံတူ မှတ်ပုံတင်ထားခြင်းမရှိသော တရားမဝင်ဆေးများ ရောင်းချ ဖြန့်ဖြူးခြင်း မရှိကြောင်းတွေ့ရှိရပြီး ဆေးနှင့်ဆေးဝါးများ ရောင်းချရာတွင် သက်ဆိုင်ရာဌာန၏ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်း သိရပါသည်။

DOCA(ကရင်)