Main menu

စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီးအနေဖြင့် ၂၀၂၂ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့်လုပ်ငန်းဆောင်ရွက်မှုအနေဖြင့် (က) စားသုံးသူအသိပညာပေးဟောပြောခြင်းများအား ကျောင်းများ၊ရပ်ကွက်/ကျေးရွာများ၊ဈေးများ၊ စတိုးဆိုင်များတွင်(၁၇၈) ကြိမ်၊ (ခ) ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်း(၃၂၁)ကြိမ်၊ (ဂ) လုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်း(၂၉၅) ကြိမ်၊ စားသုံးသူတိုင်ကြားမှုများနှင့်စပ်လျဉ်း၍ လက်ခံဖြေရှင်းဆောင်ရွက်မှု (၂၇)မှုဆောင်ရွက်နိုင်ခဲ့ပြီး သတင်းဆောင်း ပါးရေးသားမှု(၅၃၈) ပုဒ်အနက် Commerce Journalနှင့် Website တွင်သတင်းပါဝင်မှု (၃၉၅) ပုဒ်ရှိခဲ့ပါသည်။

            စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးအနေဖြင့် ပြည်တွင်းကုန်သွယ်မှုမြှင့်တင်ရေးကိစ္စများ၊ စားသုံးဆီ၊ စက်သုံးဆီ၊ ဆေးဝါးများပြတ်လပ်မှုမရှိစေရေးနှင့်ဈေးကွက်တည်ငြိမ် ရေးကိစ္စများ၊ တောင်သူလယ်သမားအကျိုးစီးပွားမြှင့်တင်ရေးကိစ္စများ၊ အသင်းအဖွဲ့များအား ကောင်းခိုင်မာရေးကိစ္စများ၊ ပုဂ္ဂိလကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကိစ္စများ၊ ပို့ကုန်ဝင်ငွေပြန်လည်ရရှိရေးကိစ္စများ၊ အသေးစား၊ အလတ်စား(SMEs) များဖွံ့ဖြိုးတိုးတက်ရေးကိစ္စများ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများမှန်ကန်မြန်ဆန်စေရေးကိစ္စများ ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးကိစ္စများ စသည့် လုပ်ငန်းတာဝန်များအား ရုံးချုပ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏လမ်းညွှန်မှုများအရ အခြားသက်ဆိုင်ရာတိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။

DOCA(မန္တလေး)