Main menu

မြင်းခြံမြို့နယ်၏မိုးဦးပဲစဉ်းငုံစိုက်ပျိုးထားရှိမှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

            မြင်းခြံမြို့နယ်သည် မိုးကောင်းသောက်ယာမြေများတွင်၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံနှင့်  ကြက်သွန်နီ သီးနှံများကိုစိုက်ပျိုးခြင်းနှင့် ထန်းလုပ်ငန်းများကို လည်းလုပ်ကိုင် လျက်ရှိရာ မိုးဦးကာလ တွင် ပဲစဉ်းငုံကိုလည်း စိုက်ပျိုးလျက် ရှိကြောင်း သိရှိရသည်။ မိုးဦးပဲစဉ်းငုံကို (မေလ-ဇွန်လ-ဇူလိုင်လ) များတွင် စတင်စိုက်ပျိုးပြီး ရိတ်သိမ်းထွက်ပေါ်ချိန်မှာ (ဇန်နဝါရီလ-ဖေဖော်ဝါရီလ-မတ်လ)တို့တွင် ရိတ်သိမ်းထွက်‌‌‌‌ပေါ်ကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ (၇)လခန့် ကြာမြင့်ကြောင်း သိရှိရသည်။

             ၂၀၂၅-၂၀၂၆ ခုနှစ်တွင် မြင်းခြံမြို့နယ်၌ ပဲစဉ်းငုံစိုက်ပျိုးဧက (၅၉၀၂) ဧက စိုက်ပျိုးထား ကြောင်း မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။ စိုက်ပျိုးမှုအနေဖြင့် သက်ကြီးမျိုးရွှေဒင်္ဂါးကို တန်းကြား ၄ ပေခွဲ ထား၍စိုက်ကြောင်းများစွဲပြီး အစေ့ချစနစ်ဖြင့် စိုက်ပျိုးကြောင်း၊ စိုက်ပျိုးရာ၌ တန်းကြားတွင် မြေပဲ၊ နှမ်း၊ ပဲတို့နှင့် သီးညှပ်စိုက်ပျိုးထားကြောင်း သိရသည်။ ယခင်နှစ် ပဲစဉ်းငုံတစ်ဧက အထွက်နှုန်းမှာ (၁၀) တင်း ခန့်ထွက်ရှိခဲ့ကြောင်း၊ ယခင်နှစ် ပဲစဉ်းငုံနီတစ်တင်းလျှင် (၉၃၀၀၀)ကျပ်၊ ပဲစဉ်ငုံအဖြူ တစ်တင်းလျှင် (၈၁၀၀၀) ကျပ်ခန့် ပေါက်ဈေး ရှိခဲ့ကြောင်း၊ ယခုနှစ်စိုက်ပျိုးထားသော ပဲစဉ်းငုံများသည် မိုးကောင်းရေ သောက်သုံးရသဖြင့် အပင်များဖြစ်ထွန်းကြောင်း၊ ယခင်နှစ်ထက်အထွက်နှုန်းများ ပိုမိုထွက်ရှိနိုင်မည်ဟု ခန့်မှန်းရကြောင်း၊ ပဲစဉ်းငုံသီးနှံသည် အကျိုးအမြတ်များစွာရရှိပြီး သီးထပ်သီးညှပ်အနေဖြင့်လည်း စိုက်ပျိုး၍ ဝင်ငွေတိုး သောသီးနှံဖြစ်ကြောင်း ပဲစဉ်းငုံစိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။ မြင်းခြံမြို့နယ်၌ ၂၀၂၆ခုနှစ်၊ အောက်တိုဘာလပထမပတ်၌ ပဲစဉ်းငုံနီ တစ်တင်းလျှင် (၁၂၂၀၀၀) ကျပ်ခန့် ပေါက်ဈေးများရှိကြောင်း၊ ဒေသတွင်းပွဲရုံများ၌ လက်ကျန်ပဲများကိုသာ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ပဲလက်ကျန်ကုန်ခါနီးပြီဖြစ်၍ ဈေးနှုန်းမြင့်တက်လာကြောင်း၊ ထွက်ပေါ်ချိန်တွင် ဒေသတွင်းပွဲရုံများမှ တဆင့် မန္တလေးမြို့နှင့် ရန်ကုန်ဘုရင့်နောင်ပွဲရုံများသို့ တင်ပို့‌ရောင်းချကြောင်း မြင်းခြံမြို့ရှိပဲပွဲရုံများမှ သိရှိရသည်။

DOCA(မန္တလေး)