Main menu

ပြည်မြို့ စည်ပင်သာယာဈေးတွင် စည်သွပ်အစားအစာများ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် ပြည်မြို့၊ စည်ပင်သာယာဈေးတာဝန်ခံတို့နှင့်အတူ (၂၃-၁၂-၂၀၂၂)ရက်နေ့တွင် ပြည်မြို့မဈေးအတွင်း ရောင်းချနေသာကုန်မျိုးစုံဆိုင်များရှိ စည်သွပ်အစားအစာဘူးများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်မျိုးစုံရောင်းချနေသောဆိုင်ရှင်များအား စည်သွပ်အစားအစာများရောင်းချရာတွင် မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသောကုန်ပစ္စည်းများကိုသာ ရောင်းချကြရန်၊ မိမိတို့ရောင်းချသော ကုန်စည်များနှင့်စပ်လျဉ်း၍ စားသုံးသူပြည်သူများ အတွက် သန့်ရှင်းလတ်ဆတ်၍ အန္တရာယ်ကင်းသောစားသောက်ကုန်ဖြစ်စေရေး အထူးအလေးထားကြရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသောကုန်ပစ္စည်းများကို ရောင်းချခြင်းမပြုရန် ဆွေးနွေးပြောကြားပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)