Main menu

ပဲခူးတိုင်းဒေသကြီးတွင် ဓာတ်မြေသြဇာများ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပြည်တွင်း၌ထုတ်လုပ်သောကုန်ပစ္စည်းများနှင့် ပြည်ပမှတင်သွင်းသောကုန်ပစ္စည်းများကို စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်အတွက် အပတ်စဉ်၊ လစဉ် ဈေးကွက်စောင့်ကြည့်စစ်ဆေးလျက်ရှိပါသည်။

        ပဲခူးတိုင်းဒေသကြီးအတွင်း ရောင်းချလျက်ရှိသော ဓာတ်မြေသြဇာအိတ်များတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်နှင့်အညီ ကုန်အညွှန်အမှတ်အသားများ ဖော်ပြထားခြင်းရှိ/မရှိနှင့် မြန်မာဘာသာဖြင့် ဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ စိတ်ကျေနပ်မှုရရှိစေရေးတို့အတွက် အာမခံချက်ပေးနိုင်သော အရည်အသွေးမြင့်မားသောကုန်စည်များ ရောင်းချခြင်းရှိ/မရှိ ၊ စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှုရှိ /မရှိကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ပဲခူးတိုင်းဒေသကြီးရှိ ခရိုင်များတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)