Main menu

ညောင်လေးပင်ခရိုင်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၃-၁၂-၂၀၂၂ ရက်နေ့၊ နံနက်ပိုင်းတွင် ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ အထက(မှန်ချောင်း)၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး ဆရာ/ဆရာမများနှင့် ကျောင်းသာ/ကျောင်းသူ (၁၀၀)ဦးကျော်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်တံခါးမြို့နယ် တာဝန်ခံသည် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများရရှိစေရန်နှင့် စားသုံးသူနစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် စားသုံးသူရေးရာဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့် အကြောင်းအရာများကိုလည်းကောင်း၊ စားသုံးသူများအနေဖြင့် ကုန်စည်များဝယ်ယူသုံးစွဲရာတွင် ကုန်စည်တွင်ဖော်ပြထားသည့်ကုန်အညွှန်းအမှတ်အသားများကို ဦးစားပေးဖတ်ရှုသင့်သည့်အကြောင်းများနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်းမရှိသော ကုန်ပစ္စည်းများကို ဝယ်ယူစားသုံးကြရန် မသင့်ကြောင်းဟောပြောခဲ့ပြီး ကျောင်းသူ/ကျောင်းသားများ၏ သိလိုသည်များကို ပြန်လည်ဖြေကြားကာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)