Main menu

ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ်(၄/၂၀၂၂)ကျင်းပခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် ဝန်ထမ်းများလူ့စွမ်းအားားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ရုံးလုပ်ငန်းများကျွမ်းကျင်မှုရှိပြီး ဌာန၏လုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၄/၂၀၂၂)ကို ပြည်နယ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ(၁၉)ရက်နေ့မှ(၂၁)ရက်နေ့အထိ နေ့စဉ် နံနက် (၁၀:၃၀)နာရီမှ နေ့လယ် (၁၂:၀၀) နာရီအထိလည်းကောင်း၊ နေ့လယ် (၁၄:၀၀) မှ ညနေ(၁၆:၀၀) နာရီအထိ (၃)ရက်တာ သင်တန်းဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး သင်တန်းသားဦးရေစုစုပေါင်း (၁၃)ဦး တက်ရောက်ခဲ့ပါသည်။

     အဆိုပါ သင်တန်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူး ဦးမြင့်အောင်က အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်းများအား မိမိတို့ဌာနမှဆောင်ရွက်နေသော စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းစဉ်များ၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လည်းကောင်း၊ ဝန်ထမ်းများ အရည်အသွေးတိုးတက်စေပြီး လုပ်ငန်းများကျွမ်းကျင်မှုရှိစေရန်နှင့် ဌာန၏လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်နိုင်စေရန်အတွက် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများကို သုံးလလျှင်(၁)ကြိမ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဝန်ထမ်းစည်းမျဉ်း/စည်းကမ်းများနှင့်အညီနေထိုင်ကြရန်နှင့် ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားသင်ယူစေလိုကြောင်း ပြောကြားခဲ့ပါသည်။

     သင်တန်းတွင် ကယားပြည်နယ်ဦးစီးမှူးရုံးရှိ ပြည်နယ်ဦးစီးမှူး ဦးမြင့်အောင်က အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဘာသာရပ်၊ ဦးမိုးညွန့်ဦး (ဦးစီးအရာရှိ)မှ စီမံရေးရာဌာနခွဲဘာသာရပ်၊ ရုံးလုပ်ငန်းလက်စွဲပါအခန်းများ၊ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဘာသာရပ်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ စာကြည့်တိုက်ဆိုင်ရာရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဘာသာရပ်၊ ဒေါ်သစ္စာဖူး (ဦးစီးမှူး)မှ ငွေစာရင်းဌာနခွဲဘာသာရပ်၊ ပြည်တွင်းကုန်သွယ်ရေးဖွံ့ ဖြိုးမှုနှင့်သုတေသနဌာနခွဲဘာသာရပ်၊ မူဝါဒလေ့လာရေးနှင့်စီမံကိန်းစာရင်းအင်းဘာသာရပ်များ အသီးသီးပို့ချခဲ့ပြီး၊ အဆိုပါသင်တန်းမှ ဝန်ထမ်းများအနေဖြင့် ဌာနခွဲအလိုက် ပို့ချပြီးသောသင်ခန်းစာများမှ သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခြင်း၊ ဌာန၏လုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူပြုသည့် သင်ခန်းစာများရရှိကြောင်း၊ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာလ (၂၁)ရက်နေ့ နေ့လယ် (၁၄:၃၀) နာရီအချိန်တွင် အောင်မြင်စွာပြုလုပ်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရပါသည်။

DOCA(ကယား)