
ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ကျိုက် လတ်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ စားသုံးဆီလုပ်ငန်းရှင်များအား (၂၉.၉.၂၀၂၆)ရက်နေ့ နေ့လည် (၁၃:၀၀)နာရီအချိန်တွင် ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနရုံးတွင် စားသုံးသူအသိပညာ ပေးဟောပြောခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရန် ညွှန့်ကြားခဲ့ပြီး အဆိုပါဖော်ပြချက်တွင် စားသုံးသူများ ထင်ယောင်ထင်မှား မဖြစ်စေရေးနှင့် အခြေခံ လိုအပ်ချက်အပေါ် စိတ်ကျေနပ်မှုရှိစေရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်အ တွင်း ဖြန့်ဖြူးရောင်းချသည့် ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil Cooking Oil)နှင့် စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြေပဲဆီ၊ နှမ်းဆီ၊နေကြာဆီ၊ စားအုန်းဆီ၊ အဆင့်မြင့် စားအုန်းဆီ စသည့်ဖြင့် အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း ကုန်စည်၏ အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာအလေးချိန်ဖြစ်သော ပိဿာ/ကျပ် သား တို့ကို မြန်မာဘာသာဖြင့်ဖော်ပြရမည်ဖြစ်ပါကြောင်း ဈေးကွက်အတွင်းဖြန့်ဖြူးရာတွင် ဓာတုဗေဒပစ္စည်းများထည့်သွင်းသုံးစွဲခြင်းမပြုရန်၊ ဌာနအနေဖြင့် ပြည်ပမှ တင်သွင်းလာသည့် စားသုံးဆီအရည်အသွေးပြည့်မှီရေး ပြည်သူများကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်း သည့် စားသုံးဆီများကိုသာ ရောင်းချရန်၊ ဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးဖြင့် ဝယ်ယူ ရောင်းချပေးရေး တင်သွင်း၊သိုလှောင်၊ဖြန့်ဖြူးခြင်းလုပ်ငန်းကို ထိန်းကြောင်းကြပ်မက်ဆောင်ရွက် လျှက်ရှိပါကြောင်းပြောကြားခဲ့ပြီး လုပ်ငန်းရှင် (၃၀)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။
DOCA(ဧရာဝတီ)
