
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒေသဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး နှင့်ဝန်ထမ်းများသည် (၅.၁၀.၂၀၂၆)ရက်နေ့တွင် ပင်းတယမြို့ရှိ စားအုန်းဆီ လက်လီအရောင်းဆိုင်များသို့လည်းကောင်း၊ (၆.၁၀.၂၀၂၆)ရက်နေ့တွင် ရွာငံမြို့ရှိ စားအုန်းဆီလက်လီအရောင်းဆိုင်များသို့လည်းကောင်း ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြ ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ မိမိတို့ရရှိသောခွဲတမ်းများကို စားသုံးသူပြည်သူလက်ဝယ်သို့ အမှန်တကယ်ရောက်ရှိအောင် ရောင်းချပေးလျက်ရှိကြောင်း၊ ဈေးနှုန်း မြှင့်တင် ရောင်းချခြင်းမရှိဘဲ သတ်မှတ်ရည်ညွှန်းဈေးနှုန်း အတိုင်းရောင်းချပေးပါကြောင်းစစ်ဆေးတွေ့ရှိရပြီး မိမိတို့ဌာနမှလည်း အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချခြင်း/ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင် ထားခြင်းများရှိပါက အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ရောင်းချရမည့် ကျေးရွာများကို လည်းစဉ်ဆက်မပြတ် ရောင်းချပေးနိုင်ပါရန် လက်လီအရောင်းဆိုင်များအား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)
