
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၂)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး(ဦးစီးမှူး)ဦးစီး၍ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းနှင့်ပူးပေါင်းကာ ကျိုင်းတုံမြို့၊ စွန်မိုင်ရပ်၊ ရပ်ကွက် (၃)အတွင်းရှိ “Smart Link Internet” အင်တာနက်ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီအား ဝန်ဆောင်မှုကိစ္စရပ်များ နှင့် ပတ်သက်၍ စားသုံးသူနစ်နာမှုမရှိစေရေး မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါ သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာ၌ တာဝန်ရှိသူများသည် “Smart Link Internet” အင်တာနက် ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီအနေဖြင့် စားသုံးသူများအပေါ် ဝန်ဆောင်မှုပေးရာတွင် အရည်အသွေး ပြည့်မှီသော အင်တာနက်ဝန်ဆောင်မှုများရရှိစေရေးနှင့် သတင်းအချက်အလက်များအား စားသုံးသူ များသိရှိစေရန် ဗွီနှိုင်းပိုစတာများကပ်၍ ဆောင်ရွက်ထားရန်၊ အစဉ်မပြတ် ဆက်သွယ်၍ အကြောင်း ကြားရန်ပြောကြားခဲ့ပြီး စာချုပ်စာတမ်းများထားရှိရန်နှင့် ဖြစ်ပေါ်လာသော ပြဿနာများအား ဝန်ဆောင်မှုပြည့်ဝစွာပေး၍ ဖြေရှင်းဆောင်ရွက်ရန် Call Center များထားရှိမှု အခြေအနေများကို စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
DOCA(ရှမ်း)
