Main menu

စက်သုံးဆီလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ(၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကယားပြည်နယ် လွိုင်ကော်မြို့ရှိ “ပြုံးပြုံးရွှင်” စက်သုံးဆီအရောင်းဆိုင်၌ စက်သုံးဆီဆိုင်လုပ်ငန်းရှင်(၇)ဦးနှင့် တွေ့ဆုံဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

        အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက စက်သုံးဆီဆိုင်များ၌ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ သတ်မှတ်ထားသောနှုန်းထားများအတိုင်းသာရောင်းချရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် ကုန်စည်၏အရည်အသွေး၊ အချိန်အတွယ်ပမာဏနှင့်အလေးချိန်မှန်ကန်စေရန်၊ အရည်အသွေးပြည့်မီမှန်ကန်သည့်ပစ္စည်းများ ဈေးကွက်အတွင်းတင်သွင်း၍ ဖြန့်ဖြူးရောင်းချရန်၊ သတ်မှတ်ချက်နှင့်မကိုက်ညီသည့် စက်ဆီချောဆီများ ဈေးကွက်အတွင်း‌တွေ့ရှိပါက ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေအရသော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရသော် လည်းကောင်း အရေးယူခံရနိုင်ကြောင်းရှင်းလင်းဆွေးနွေးခဲ့ပြီး ဆက်လက်၍ တက်ရောက်လာသောလုပ်ငန်းရှင်များက သိရှိလိုသည့်အချက်များကိုမေးမြန်းခဲ့ရာ ပြည်နယ်ဦးစီးမှူးက ပြန်လည်ဖြေကြားခဲ့ပြီး တွေ့ဆုံဆွေးနွေးပွဲအား (၁၁း၃၀) နာရီအချိန်တွင်ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကယား)