Main menu

မုန့်မျိုးစုံရောင်းချသူလုပ်ငန်းရှင်များကို စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

Powered by Drupal

        ဧရာဝတီတိုင်းဒေသကြီး ၊ဖျာပုံခရိုင်၊ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် ဒေးဒရဲမြို့ရပ်ကွက်အတွင်းရှိ မုန့်မျိုးစုံရောင်းချသူလုပ်ငန်းရှင်များအား (၂၂.၁၂.၂၀၂၂)ရက် နေ့၊ နေ့လယ် (၁၂:၀၀)နာရီအချိန်တွင် မြို့နယ်တာဝန်ခံရုံးတွင် စားသုံးသူကာကွယ်ရေးအသိပညာ ပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါစားသုံးသူကာကွယ်ရေးအသိပညာပေးပြောပွဲတွင် မြို့နယ်တာဝန်ခံဦးသိန်းမောင်က စားသုံးသူကာကွယ်ရေးဥပဒေပါ လုပ်ငန်းရှင်များ၏တာဝန်များ၊ သတ်မှတ်ထားသောကုန်အညွှန်းအ မှတ်အသားများပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာရောင်းချကြရန်၊ သက်ဆိုင်ရာဌာန များမှစားသုံးရန်မသင့်၍ ရောင်းချမှုမပြုကြရန်တားမြစ်ထားသောကုန်စည်များရောင်းချခြင်းမပြရန်၊ စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ ပြဌာန်းချက်များကို လိုက်နာမှုမရှိပါက အ‌ရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ပါသည်။

DOCA (ဧရာဝတီ)