
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းမျာ ဆောင်ရွက်လျက်ရှိသည့်အပြင် စားသုံးသူများ နေ့စဉ်ဝယ်ယူ သုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ ဈေးကွက် အခြေအနေများကိုလေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကန့်ဘလူမြို့မဈေးတွင် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း ကန့်ဘလူမြို့ မဈေးတွင် ဝက်သားအသားသန့်(၁)ပိဿာ ကျပ် ၂၇၀၀၀၊ ပေါင်သား(၁)ပိဿာလျှင် ကျပ်၂၃၀၀၀၊ သုံးထပ်သား(၁)ပိဿာလျှင် ကျပ် ၂၀၀၀၀၊ အမဲသားသန့်(၁)ပိဿာလျှင် ကျပ် ၃၂၀၀၀၊ ဈေးနှုန်း တို့ဖြင့် ရောင်းချလျက်ရှိရာ ယခင်အပတ်၏ ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုနောက်ဆုံးပတ်အတွင်း ဝက်သား(၁)ပိဿာလျှင် ကျပ် ၂၀၀၀နှင့် အမဲသားတစ်ပိဿာလျှင် ကျပ် ၁၀၀၀ ဈေးနှုန်းကျ ဆင်းသွားကြောင်း၊ ကုန်ကြမ်းဝယ်ယူရရှိမှုအပေါ်မူတည်၍ ဈေးနှုန်းကျဆင်းရခြင်း ဖြစ်ကြောင်း အသားရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)
