Main menu

ဖျာပုံမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ပေးရေး Talk Show အခမ်းအနားကျင်းပ

Powered by Drupal

         ဖျာပုံမြို့နယ် ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံ‌ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဒီဇင်ဘာလ( ၂၂ )ရက်နေ့ ၊ နံနက်( ၁၀:၀၀ )နာရီတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ Talk Show အစီအစဉ်ကိုကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ အခမ်းအနားတွင် ဖျာပုံမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမင်းဇော်က စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၉)၊ ဥပ‌ဒေပုဒ်မ(၁၉)နှင့် (၂၀)တွင်ပြဌာန်း ထားသောစားသုံးသူများအသုံးပြုသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ စားသုံးသူအခွင့်အရေးနှင့်တာဝန်များကိုလည်းကောင်း၊ အခန်း( ၁၀ )ဥပ‌ဒေပုဒ်မ (၂၁ )ပါ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်( ၁၁ )ချက်ကိုလည်းကောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဦးစားပေး ကုန်စည်(၅)မျိုးအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံကိုက်ညီမှုရှိ/မရှိနှင့် စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန်အချက်များကို အကျယ်တဝင့် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)