
ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး၊ မြို့နယ်တာဝန်ခံ ဒေါ်ရည်မွန်သန့် နှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၂၃.၉.၂၀၂၆)ရက်နေ့ နံနက်(၁၀;၀၀)နာရီက မြောင်းမြမြို့ပေါ်ရှိဆေးဆိုင်များတွင်အိမ်သုံးဆေးဝါးများဈေးနှုန်းမြင့်တင်ရောင်းချခြင်းရှိ/မရှိကွင်းဆင်းစစ်ဆေး ဆောင် ရွက်ခဲ့ပါသည်။
ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံမှ အိမ်သုံးဆေးအရောင်းဆိုင် ဆိုင်ရှင်များအား စားသုံးသူ ပြည်သူများသက်သာသောဈေးနှုန်းဖြင့်ဝယ်ယူသုံးစွဲနိုင်ရေးအတွက်ဆေးဈေးနှုန်းများမြှင့်တင်ရောင်းချခြင်းမပြုရန် ဆေး ဆိုင်များ ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေး ဆေးပြတ်လပ်မှုမဖြစ်ပေါ်စေရေးအဓိကထားဆောင်ရွက်ရန် ဈေးကွက် အတွင်း ယခင်လဈေးနှုန်းထက် အနည်းငယ်သာ မြင့်တက်မှုရှိပြီး စားသုံးသူပြည်သူများအနေဖြင့် အခြေခံဆေးနှင့် ဆေးပစ္စည်းများဝယ်ယူရာတွင် အခက်အခဲမရှိဝယ်ယူရရှိနိုင်ပြီး သက်တမ်းလွန်ဆေးဝါးများနှင့် လိုင်စင်မဲ့ဆေးဝါးများ ရောင်းချခြင်းမပြုရန်၊ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင် ထားရှိခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေများအရ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း သက်ဆိုင်ရာဌာနများ၏အမိန့်ညွှန်ကြားချက်၊ဥပဒေများလိုက်နာဆောင်ရွက်ကြရန်အသိပေးစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ (DOCA ဧရာဝတီ)
