Main menu

ဟုမ္မလင်းမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

Powered by Drupal

        ဟုမ္မလင်းမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများသည် ( ၁၈.၉.၂၀၂၆ ) ရက်နေ့တွင် စက်သုံးဆီအရောင်းဆိုင် များတွင် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ရောင်းချမှုရှိစေရေး၊ စက်သုံးဆီဈေးနှုန်းများ သင့်တင့်မျှတမှုရှိစေရေးနှင့် သတ်မှတ်စည်းကမ်းချက်များ လိုက်နာဆောင်ရွက်မှုရှိ/ မရှိ ပူးပေါင်းကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

           ကွင်းဆင်းစစ်ဆေးရာတွင် စက်သုံးဆီဆိုင်ပိုင်ရှင်များအနေဖြင့် စက်သုံးဆီများကို စံလီတာ ပမာဏအတိုင်း မှန်ကန်စွာချိန်တွယ်ရောင်းချရန်၊ စက်သုံးဆီအသုံးပြုသည့် ပြည်သူများအနေဖြင့်လည်း သင့်တင့်မျှတသောဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရန်အတွက် စက်သုံးဆီများအား နိုင်ငံတော်မှ သတ်မှတ်ထားသည့် ရည်ညွှန်းဈေးထက်ပိုမို၍ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မရောင်းကြရန်နှင့် သက်ဆိုင်ရာဌာနများမှ ချမှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်မှုရှိ/ မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။ ထို့နောက် စက်သုံးဆီများ ပြတ်လပ်မှု ရှိ/ မရှိနှင့် ထားသိုသိမ်းဆည်းပုံများ စနစ်တကျ ထားသိုသိမ်းဆည်း သိုလှောင်ထားခြင်း ရှိ/ မရှိကိုလည်း စစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)